Events

Wings India 2020

Updated At: 2020-02-20 09:40:24

“Wings India 2020” “လေကြောင်းပို့ဆောင်မှုဆိုင်ရာပြပွဲနှင့်ဆွေးနွေးပွဲ” ကို အိန္ဒိယနိုင်ငံအစိုးရ၊ မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် Federation of Indian Chambers of Commerce & Industry (FICCI) နှင့် ပူးပေါင်း၍  ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ Hyderabad မြို့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ နယူးဒေလီမြို့မှတဆင့် သိရှိရပါသည်။

ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက အိန္ဒိယနိုင်ငံ၊ FICCI အဖွဲ့ရှိ Mr. Amit Kakkar (+91 9654258258; amit.kakkar@ficci.com)၊ Ms. Samidha Hasija (+91 9868631734; samidha.hasija@ficci.com)၊ Email: opatija@hsup.hr နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။