အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ABOUT MYANTRADE

Myantrade ဆိုသည်မှာ

image-1

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဧပြီလ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ အစိုးရ၏ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား Myantrade ဟု ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

Myantrade သည် ပို့ကုန်လုပ်ငန်းတိုးတက်ခြင်းအား စဉ်ဆက်မပြတ် ရည်ရှည်တိုးတက်သော စီးပွားရေးဖွံ့ဖြိုးမှု၏ အရေးပါသော တွန်းအားတစ်ခုဟု မှတ်ယူပါသည်။ ကျွန်ုပ်တို့သည် ယှဉ်ပြိုင်မှုအားကောင်းပြီး စီးပွားရေး လုပ်ငန်းများကို ကောင်းစွာလုပ်ကိုင်နိုင်သော အခြေအနေ တစ်ခုကို ဖန်တီးပြီး ကုန်သွယ်ရေးယှဉ်ပြိုင်မှုကို တိုးမြှင့်စေရန်အတွက် တာဝန်ယူထားပါသည်။  Myantrade သည် တင်ပို့လုပ်ငန်းတိုးတက်စေခြင်း၊ ဈေးကွက်သတင်းအချက်အလက် ပို့ကုန်မြှင့်တင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများအား ရည်ညွှန်းမိတ်ဆက်ပေးခြင်း စသည်ဖြင့် ပို့ကုန် သွင်းကုန်နှင့် သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုး ကို ပေးပါသည်။ 

image-1

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

-    ဒေသတွင်းကုန်သွယ်ရေးတွင် ယှဉ်ပြိုင်မှုအားကောင်းသော နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အနေအထားကို အရှိန်မြှင့်တင်ရန်။
-    ပို့ကုန်လုပ်ငန်းအားအခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရန် မြန်မာနိုင်ငံမှ လုပ်ငန်းကဏ္ဍများအား အထောက်အပံ့ အကူအညီများပေးအပ်ရန်။ 

ကျွန်ုပ်တို့ခံယူထားသည့် တာဝန်

မြန်မာနိုင်ငံအတွင်းရှိကုမ္ပဏီများအား ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်မှုအားကောင်းစေရန် ကြိုးစားပြီး ကုန်သွယ်မှုနှင့် ပို့ကုန်လုပ်ငန်းကိုတိုးမြှင့်ရန်။ 

ကျွန်ုပ်တို့၏ ရည်မှန်းချက် 

  • န်မာနိုင်ငံမှ တင်ပို့သူများ၏ပရိုဖိုင်အား နိုင်ငံတကာ ဈေးကွက်တွင် မြှင့်တင်ရန်။ 
  • ပို့ကုန်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ နှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များအား အချိန်နှင့် တပြေးညီ ဖြန့်ဝေပေးရန်။ 
  • မြန်မာနိုင်ငံမှ ကုမ္ပဏီများအား နိုင်ငံခြားမှ ဝယ်သူများနှင့် ချိတ်ဆက်ပေးရန်။ 
  • မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းများနှင့် ပို့ကုန်ဝန်ဆောင်မှုများအား နိုင်ငံတကာဈေးကွက်တွင် ကြေငြာပေးရန်။  
image-1
image-1

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

  • န်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်ဝန်ဆောင်မှု။ 
  • စာကြည့်တိုက်။
  • အွန်လိုင်းရင်းမြစ်ဆိုင်ရာ ဗဟိုဌာန။ 
  • ပုံနှိပ်ထုတ်ဝေခြင်းများ
  • မြန်မာနိုင်ငံတွင်ထုတ်လုပ်သော ပို့ကုန်ပစ္စည်းများပြခန်း 
  • ပို့ကုန်ပစ္စည်းများကို ကြေညာပေးခြင်း။ 
  • ကုန်သွယ်ရေးဆိုင်ရာပြပွဲ ကျင်းပရေးဝန်ဆောင်မှုများ။ 
  • ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံဝန်ဆောင်မှု။ 
  • စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ (Seminars) နှင့် သင်တန်းများ။ 
  • ကုန်သွယ်ရေးဆိုင်ရာ သင်တန်းများ 
  • စီးပွားရေးလုပ်ငန်းဆိုင်ရာလေ့လာရေး အစီအစဉ်များ  
  • မိမိနှင့် ကိုက်ညီသောရောင်းသူ၊ ဝယ်သူများနှင့် ချိတ်ဆက်ပေးခြင်း။ 
  • အမှတ်တရပစ္စည်းအရောင်းဆိုင်များ။ 

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်

ဒေါ်မြမြစိမ်း
ဒုတိယညွှန်ကြားရေးမှူး 

အမှတ် ၂၂၈/ ၂၄၀၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ 

Tel: +951 254 024

Fax: +951 254 023

Email: itpic.moc@gmail.com

image-1